Mega Global Green

Offgrid Solar သို့မဟုတ် ဆေးမီးတို နှင့် On Grid Solar သက်ရှည်ကျန်းမာဆေး

ဆိုလာ ဆိုလာ နဲ့ တလာတည်းလာနေတဲ့ခေတ်

တနေ့တနေ့ ဖြေလိုက်ရတဲ့ ဆိုလာ အဝယ်တွေ

Solar ဘာကြောင့်တပ်ချင်တာလဲဗျ

ဟေ။ မင်းမသိဘူးလား

မီးပျက်လို့လေကွာ မီးပျက်လို့

အော်ဟုတိ ကဲ့

ဆိုလာ တပ်လိုက်တော့ မီးပျက်တဲ့အချိန် ဆိုလာနဲ့သုံးမှာလေ

ဟုတ်ကဲ့

အဲ့လိုနဲ့ တပ်ပေး ရောင်းပေးလိုက်ရတဲ့ဆိုလာတွေ။

တွေးရင်း တွေးရင်း စိတ်ထဲမကောင်းလို့ ဒီစာကိုရေးပါတယ်။

သိပြီးသားဆရာတွေအတွက်မဟုတ်ပါဘူးဗျာ။ မသိသေးတဲ့ ပြည်သူတွေအတွက် မျှဝေလို၍ရေးပါတယ်။

တကယ်တော့ ဆိုလာတပ်တာ အားပေးရမယ့်အရာ (လုံးဝ) အားပေးသင့်တဲ့ စနစ်ဆိုတာ အများစု လက်ခံနေပါပြီ။

ဒါပေမယ့်

ဒီထက်ပို အသုံးတည့်မယ့်ဆိုလာစနစ်

ကြီးကြီးနဲ့ ကျယ်ကျယ်ပြောရရင်

မိမိ တစ်အိမ်ထကိမက

အများပြည်သူအတွက်

နိုင်ငံအတွက် အကျိုးရှိမယ့် ဆိုလာစနစ်တပ်ဆင်အသုံးပြုခွင့်ရရင်

ပိုမကောင်းပေဘူးလားဗျာ။

အဲ့ဒါကတော့

On Grid Solar ( Grid tie , Grid Connected)ပါပဲ

ခုအများစု တပ်ဆင်အသုံးပြုနေတဲ့ ဆိုလာစနစ်က off Grid Solar and Off Grid Hybrid Solar ပါ

ပြောရရင်

၁။ ဆိုလာနဲ့ဦးစားပေးသုံးမယ်

၂။ ဆိုလာမရှိရင် Grid (EPC) သုံးမယ်

၃။ ဆိုလာရော Grid ရောမရှိရင် Battery သုံးမယ်

SUB လို့ခေါ်ပါတယ်

Solar

Utality

Battery ဆိုတဲ့စနစ်ပါ။

ဒီတော့ ဆိုလာတပ်ထားတယ် ၊ သုံးပါ EPC မီတာအတတ်နိုင်ဆုံးလျော့ပါတယ် နေရောင်ရတဲ့အချိနိ မှာ

မသုံးဘူးလား

Battery Charging လုပ်ပါလိမ့်မယ်

လက်ရှိ Alternative Power နဲ့ မီးပေးနေတဲ့ ကျွန်တော်တို့ နိုင်ငံသားတေွအတွက် အင်မတန်မှ အကျိုးရှိနေပါပြီ

သို့သော်

ဆိုလာတပ်ထားတယ်

နေ့ခင်းမှာ မိသားစုတွေက လုပ်ငန်းခွင်မှာ

လျှပ်စစ်အသုံးပြုစရာအတော်နည်း၊

တပ်ထားတဲ့ Battery ကလည်း နေ့တစ်ဝက်မကျိုးခငိပြည့်ပြီဆိုပါစို့။

Useless solar ဖြစ်သွားပါပြီ၊

ဒါကတော့ လက်တလော

ကျွန်တော်တို့နိုင်ငံမှာအများစုအသုံးပြုနေတဲ့ Offgrid hybrid solar စနစ်ပါဘဲ။

ဒီတော့

အဲဒီ useless power ကို အသုံးပြုနိုင်ဖို့က

Grid connected လိုအပ်လာပါပြီ၊

အနည်းစုသော Hybrid solar Inverter တွေကတော့ Ongrid Hybrid solar Inverter တွေဖြစ်လို့ ဒီစနစ်နဲ့ Grid connected ဖြစ်နိုင်ပါတယ်။

On Grid PV Inverter ဖြင့် Grid Connected system ဆိုရင်တော့အကောင်းဆုံးပေါ့။

On Grid PV (Grid Connected) system ဖြင့်တပ်ဆင်မယ်ဆိုရင်တော့

၁။ Sunshine Hour တွေမှာ မိမိတပ်ဆင်ထားသလောက်ဆိုလာကထုတ်ပေးတဲ့ ပါဝါကို မိမိကိုယ်တိုင် အသုံးပြုခြင်းဖြင့်

EPC ရဲ့ ဝန်တစ်ခုကိုလျှော့ချနိုငိပါပြီ။

တပြိုင်နက်တည်းမှာ EPC မီတာခကို မိမိအတွက် လျော့ချပြီးပါပြီ။

၂။ပိုလျှံ လျှပ်စစိကို Grid သို့ပြန်လည်ရောင်းချနိုင်ပါပြီ။

ဒီအချိန်မှာFeed in Tariff (FID Law)သာရှိခဲ့ရင် ကျွန်တော်တို့ အသံုးမလို ပိုလျှံနေတဲ့ လျှပ်စစ်ကို Grid (EPC) သို့ပြန်လည်ရောင်းချခြင်းအားဖြင့် မိသားစုအပိုဝင်ငေွရရှိနိုင်ရုံသာမက နိုင်ငံလိုအပ်ချက် (လျှပ်စစ်မီးလိုအပ်ချက်ကို တဖက်တလမ်း ကူညီအားဖြည့်ရာရောက်သွားပါပြီ။ ထပ်ပြောရရင် ပရဟိတ ပါ။ စိတ်ထားတတ်ရင်မွန်မြတ်တဲ့ကုသိုလ်ပါ။

အဲ့ဒီအတွက်အရေးအကြီးဆုံးကတော့

နိုင်ငံအဆင့်ကနေ နေအိမ်သုံးPV Inverter တွေ၊ စက်မှုနှင့်လုပ်ငန်းသုံး Rooftop Solar Plant တွေကနေ တရားဝင် လျှပ်စစ်ဝယ်ယူဖို့ (Feed in Tariffs)ခွင့်ပြုချက်လိုအပ်ပါတယ်။

ဒါ့အပြင် ဝယ်ယူတဲ့စျေးနှုန်းကလည်း အများပြည်သူနှင့် လုပ်ငန်းရှင်တွေ စိတ်ဝင်စားစေမယ့်စျေးနှုန်းဖြစ်ရပါမယ်။

သူများနိုင်ငံတွေမှာတော့ Renewable Energy ဖြစ်လို့ Insensitive အနေနဲ့ ရောင်းတဲ့မီတခထက် ပိုစျေးပေးပြီးဝယ်ယူတာတို့၊

Carbon Credit ပေးတာတို့ ကြားဖူးရဲ့။

အဲလိူဖြစ်လာရင်

အဲလို Ongrid PV power Producer တွေများလာတာနဲ့

နိုင်ငံတော်လျှပ်စစ်လိုအပ်ချက် လျော့ကျသွားမယိ့အပြင်

ပိုလျံရောင်းလို့ပိုရမယ့် လျပ်စစ်တွေနဲ့ မီးမရသေးတဲ့ မြန်မာပြည်တလွှားက ကျေးလက်ပြည်သူတွေကို လျပ်စစ်တိုးချဲ့ပေးသွားနိုင်တော့မှာပါ။

အဲဒီတော့

မီးပျက် လို့ဆိုလာ တပ်

Battery ထဲထည့်

Batteryဝယ်ရတော့ဆိုလာကနည်း

နည်းတော့မလောက်

မလောက်တော့ EPC နဲ့ကူအားသွင်း

EPC နဲ့အားသွင်းတော့ မီးလာတာနဲ့ ဝန်အားလျော့ချချင် လို့အချိန်ပိုင်းမီးပေးတဲ့ EPC ခမျာ ဝန်အားတွေထိုးတက် ပြန်ပျက်

မုန့်လုံးစက္ကူကပ်နေမယ့်အစား။

(၁)ချက်ခုတ်

(၅)ချက်မကလောက်ပြတ်တဲ့

၁။ မိမိ မီတာခ လျော့နည်း

၂။ EPC ကမိမိအတွက်

ထမ်းရတဲ့ဝန်လျော့

၃။ ပိုလျံလျပ်စစ်ရောင်းချမှုကနေအတွက် အပိုဝင်ငွေရ

၄။ မိမိရောင်းလိုက်တဲ့ ပိုလျံလျပ်စစ်နဲ့ မီးမရသေးတဲ့ ပြည်သူကိုမီးပေး ကုသိုလ်တွေရ

၅။ ကာဗွန်ထုတ်လုပ်မှုလျော့ချနိုင်တဲ့အတွက် ကမ္ဘာကြီးကို ကယ်တင်ပြီးသားဖြစ်။

အဲလိုအကျိုးများတဲ့

On Grid Solar တွေကိုဘဲ ပိုမိုတပ်ဆင်သုံးစွဲသင့်ပါတယ်။

ကဲဗျာ ဘာလို့ဆေးမီးတို Offgrid တွေတပ်နေတော့မလဲဗျာ။

On Grid ( Grid Connected) solar တွေဒီနေ့ကစ အသုံးပြုကြပါစို့။

Made Earth Green Again

#We_are_MEGA